သူကတော့ Screen Recoder လေးပါ။ ကိုညီနေမင်း ၀က်ဆိုက်တွေမှာ Kaspersky
ကို Activate ဘယ်လိုလုပ်လဲဆိုတာကိုဗီဒီယိုလေးနဲ့ ရှင်းပြတာကိုတွေ့ ဖူးကြတယ်မှလား။
သူလုပ်နေသမျှကို သူ့ သုံးနေတဲ့ မော်နီတာစကရင်ကို Video လေးနဲ့  Reocord လုပ်ထား
တယ်ပေါ့ဗျာ။.....ကိုယ့်ရည်းစား က ဘာတွေသုံးသွားတယ်ဆိုတာကိုကြည့်ချင်ရင်လည်းသူ့ 
ကွန်ပျူတာမှာဒါလေး Run ထားလိုက်ပေါ့ဗျာ။နောက်တာနော်....ကောင်းတော့မကောင်းဘူး
ပေါ့အဲလိုလုပ်ရင်..။သဘောကိုပြောတာပါ။လုပ်လို့ ရကြောင်းလေး.....ကဲ......ထားပါတော့
အခုတော့ ဒီဆော့ဝဲလေးကိုလိုချင်လို့ ရှိရင်တော့ အောက်ကလင့်ခ်လေးသုံးခုမှကိုယ်ကြိုက်ရာလင့်
ကနေဒေါင်းလုပ်ဆွဲယူလို့ ရပါတယ်။အခု.....တလော ၂ သိန်းခွဲတန်ဖုန်းတွေကျပီး အင်တာနက်
တွေအသီးသီးရကြတာနဲ့ အမျှကျနော်တို့  ADSL MPT လိုင်းတွေဟာစုတ်ပြတ်သတ်လောက်ကို
အခြေနေတွေအရမ်းဆိုးရွားနေပါတယ်။သက်သက်မဲ့ကိုညှင်းထားတဲ့သဘောပါ.ကျနော်တို့  MCC
မှာဆိုလို့ ရှိရင် Connection Speed 1MB ရှိပါတယ်။ထားဝယ်တမြို့ လုံးမှာ 1MB ဆိုလို့ 
ကျနော်တို့  MCC တခုတည်းပါ။အဲဒါတောင်မှနေ့ ရောညရော...သုံးလို့ မရအောင်ကိုလေးပါတယ်။
လိုင်းကျတာမျိုးလည်းမဟုတ်ပါဘူး။တက်လိုက်ကျလိုက်....ပီးတော့ Webpage တခုကိုဝင်လိုက်
လို့ ရှိရင် Netwok Error ချည်းတက်လာနေလို့  F5 ကိုနှိပ်နေရတာလည်းခလုပ်တွေတောင်
ညောင်းချင်နေပါဘီ....စိတ်ပျက်စရာပါဘဲဗျာ..နောက်ဆုံးတော့လည်း ဖုန်းကတ်တကတ်ဝယ်
ပီး..သီးသန့် အင်တာနက်သုံးရမလိုကိုဖြစ်နေပြီ...ဒါပေမဲ့လည်းဝယ်လို့ တော့ရဲသေးဘူးဗျ။
အခုက အရောင်းမြှင့်တင်ရေးကာလထဲမှာဆိုပိး ဖုန်းအင်တာနက်တွေကကောင်းနေတာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့။နောက်ဝယ်ပီးသွားတော့မှလိုင်းကသူမသာငါအသုဘဆိုလို့ ရှိရင်သေဘီဆရာ
ဘဲ...ဟီးးးးးးးးးးးးးးးးး....ဘာဘဲဖြစ်ဖြစ်ပါ..ကျနော်ကတော့လိုင်းကောင်းတာနဲ့  အပါတ်စဉ်
Kasperksy, Avira , AVG Latest Update တို့ ကိုပုံမှန်တင်ပေးပါ့မယ်။ကျနော့်
ဝက်ဆိုက်မှာအလွယ်တကူယူလို့ ရအောင်ပေါ့ဗျာ.ရှည်ရှည်ဝေးဝေးရှာနေစရာမလိုတော့ဘူးပေါ့။
လိုင်းကောင်းရင်နော်...အခုတော့...ဘယ်တတ်နိုင်မလဲဗျာ..နိုင်ငံခြားမှာလိုသာလိုင်းကောင်း
ရင်တော့ဘယ်ပြောကောင်းမလဲရှိသမျှကိုအကုန်တင်ပစ်မှာ...ကဲကဲ...လေကျောရှည်သွားဘီ
လိုချင်ရင်အပေါ်မှာပြောတဲ့အတိုင်းလင့်ခ်သုံးခုက ကြိုက်ရာဆွဲနော်...အဆင်ပြေကြပါစေ။
Minusကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။
Mediafireကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။
Zidduကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။
စိုးကိုဦး (MCC Dawei)
No comments:
Post a Comment