
၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)
စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်
၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊
ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့
အစည်းလည်း ဖြစ်သည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိက
ရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ
ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရား
ကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမြ
ပုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်
ပါသည်။
၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး
နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီး
များ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီး
သီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန်
ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
သူတို့ ရဲ့ စကားတွေဟာမှန်ပါတယ်ဒီလိုအစုလိုက်အပြုံလိုက်အကျိုးအမြတ်မရှိ
ဘဲလူသတ်တယ်ဆိုတာကမ္ဘာဦးခေါတ်ကလုပ်ရပ်တွေပါ။မလုပ်သင့်ဘူးလို့ 
ထင်ပါတယ်။ဥရောပနိုင်ငံတွေမှာ
လုပ်တယ်ဆိုတာကတော့ အကျိုးမြတ်တခုခုအတွက်လုပ်ကြတာပါ။ဘာမှမဟုတ်တဲ့
ရန်စလေးကြောင့်မဟုတ်
ကြပါဘူး။အခုလိုဖြစ်နေတာတွေဟာဒီမိုကရေစီလမ်းစကိုမြင်ရုံသာမြင်ရပီးကြင်ရကြမှာ
မဟုတ်တော့ဘူး။မြန်မာ
နဲ့  မွန်စလင်ကို အစိုးရတွေကရန်တိုက်ပေးနေတယ်လို့ လည်းသတင်းတွေ
တစတစပေါ်ထွက်နေကြပါတယ်။
ဒီလိုမျိုးအဖြစ်ကိုလုံးဝအဖြစ်မခံကြဖို့ လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ မှာအသတ်ခံရသောမွန်စလင်များ
မူရင်း--သစ်ထူးလွင်သတင်းဝက်ဆိုက်
စိုးကိုဦး (MCC Dawei)
No comments:
Post a Comment