Monday, December 10, 2012

Gmail အသုံးပြုသူများ 10GB ဖိုင်များပေးပို့နိုင်

Soeko

Email မှတစ်ဆင့် 10GB ပမာဏရှိသည့် ဖိုင်များပေးပို့နိုင်ရန်အတွက် Gmail တွင် Google Drive
ကိုပေါင်းစပ်ထည့်သွင်းလိုက်ကြောင်း Google ကုမ္ပဏီက ကြေညာခဲ့သည်။ Gmail compose
window တွင် ပါဝင်လာသည့် ခလုတ်သစ်သည် အသုံးပြုသူများအား ၎င်းတို့၏ Google Drive
account မှဖိုင်များကို attach လုပ်ကာ ပေးပို့နိုင်မည်ဖြစ်သည်။Attach ပြုလုပ်ပြီးသည့်အခါတွင်
Gmail ကအသုံးပြုသူ၏ Drive account မှဖိုင်ကို ကြည့်ရှုရန်အတွက် ခွင့်ပြုချက်တောင်းပြီးနောက်
message ကိုပေးပို့မည်ဖြစ်သည်။ Microsoft ကုမ္ပဏီကလည်း Outlook နှင့် SkyDrive
မှတစ်ဆင့် အလားတူ feature ကို ထောက်ပံ့ပေးထားသည်။ Google Drive အသုံးပြုသူတစ်ဦးသည်
Google ထံမှ အခမဲ့သိုလှောင်မှုပမာဏ 5GB ရရှိမည်ဖြစ်သည်။ 5GB နှင့်အထက်ဖိုင်များကို ပေးပို့
လိုသည့် အသုံးပြုသူများသည် ထပ်ဆောင်း Google Driveသိုလှောင်မှုပမာဏကို ၀ယ်ယူရမည်ဖြစ်
သည်။ လက်ရှိတွင် Google Drive ထပ်ဆောင်းသိုလှောင်မှု ပမာဏအဖြစ် 25GB အတွက် တစ်လ
လျှင် ၂.၄၉ ဒေါ်လာနှင့် 100GB အတွက်တစ်လလျှင် ၄.၉၉ ဒေါ်လာ သတ်မှတ်ထားသည်။


ရေးသားသူ -နောင်နောင်

soeko

စေတနာဖြင့်

စိုးကိုဦး (နည်းပညာ)

No comments:

Post a Comment