Tuesday, December 4, 2012

နောင်လာမည့် မိုဘိုင်းဖုန်းစီမံကိန်းများ၌ 3G စနစ်ကိုသာချထားပြီး 2G စနစ်ကို ဖြုတ်သိမ်းမည်။

soeko

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် နောင်လာမည့်
မိုဘိုင်းဖုန်းစီမံကိန်းများ၌ 3G စနစ်ဖုန်းများကိုသာ ချထားပေးမည်ဖြစ်ပြီး 2G စနစ်ကို
ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ နောင်လာမည့်
စီမံကိန်းများ၌ 3G နှင့် 4G (LTE) စနစ်ဖုန်းများကိုသာ ဆောင်ရွက်မည်ဖြစ်သည်ဟု
သိရသည်။“နောင်ကို 3G နဲ့ 4G သွားဖို့အတွက် Planning ချထားပြီးဖြစ်ပါတယ်။
ဒါကြောင့်နောက်ပိုင်းမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် 3G အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 2G
မရှိတော့ပါဘူး ” ဟု၎င်းကဆိုသည်။ 3G ကွန်ရက်များကို မြို့ကြီးများတွင် ဦးစားပေး
ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း Network ချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
3G ကွန်ရက်များ ချထားပေးရာ၌ GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးလုံး
ပါဝင်မည်ဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
အနေဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း ဆယ်သန်းခန့် ချထားပေးသွား
မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ 2G နှင့် 3G ကွန်ရက်နှစ်မျိုးကို အသုံးပြုလျက်ရှိပြီး
လွန်ခဲ့သောတစ်ပတ်ခန့်က မိုဘိုင်းဖုန်းလိုင်းကျပ်တည်းမှု နေရာအချို့၌ ဖြစ်ပေါ်ခဲ့ကြောင်း
အသုံးပြုသူအချို့ထံမှ သိရသည်။ “လိုင်းခဏ ကျသွားတာပါ။ လက်ရှိပြင်ဆင်ပြီးတော့
ကောင်းမွန်သွားပါပြီ။ GSM စနစ်တွေ တိုးမြှင့်နေတာဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက အဆိုပါ ဖုန်းလိုင်းကျပ်
တည်းမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ GSM ဖုန်းများသာ လိုင်းကျပ်တည်းမှုအချို့
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး CDMA ဖုန်းများမှာ ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း အသုံးပြုသူအချို့ထံမှ
သိရသည်။


ရေးသားသူ -ထွန်းထွန်း
From Myanmar Internet Journal


soeko

စေတနာဖြင့်

စိုးကိုဦး (နည်းပညာ)

No comments:

Post a Comment