Sunday, July 29, 2012

cFosSpeed 8.02 Software Freedownload

1

သူကတော့ Webpage တွေကိုမြန်အောင်လုပ်ပေးတဲ့ဆော့ဝဲလေးပါ
အင်တာနက်ကွန်နက်ရှင်ကိုလည်းမြန်အောင်လုပ်ပေးတယ်လို့ သိရပါတယ်။ကျနော်တို့ 
ဝက်ဆိုက်တွေကိုကြည့်တဲ့အခါမှာလည်းမြန်အောင်သွက်အောင်လုပ်ပေးနိုင်ပါတယ်။
ကျနော်တော့ကြိုက်ပါတယ်သူ့ ကို။သုံးချင်တဲ့သူတွေစမ်းသုံးကြည့်ချင်တဲ့သူတွေတော့
အောက်ကလင့်ခ်လေးတွေမှာဆွဲလိုက်နော်။အဆင်ပြေကြပါစေ။


၂

Minusကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။

Mediafireကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။

Zidduကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။


စေတနာဖြင့်

စိုးကိုဦး (နည်းပညာ)

Thursday, July 26, 2012

Crack and Key maker

၁

သူကတော့ Crack တွေ Patchတွေလုပ်တဲ့ဆော့ဝဲလေးလို့ သိရပါတယ်။ကျနော်
တော့မစမ်းရသေးဘူး..တွေ့ တွေ့ ချင်းဘဲ..ပြန်တင်ပေးလိုက်တာပါ.သုံးလို့ အဆင်မပြေ
ဘူးဆိုတော့မှကျနော်စမ်းပီးအကျိုးအကြောင်းပြန်ပြောပါ့မယ်။ကျနော့်မှာအချိန်မရှိလို့ မစမ်းရ
တာပါ။ဆော့ဝဲတို့ ဂိမ်းတို့ မှာ Key တွေ Crack တွေအသည်းအသန်လိုက်ရှာစရာမလိုတော့
ဘူးပေါ့ဗျာ။လိုချင်ရင်တော့အောက်ကပုံမှာ Download ယူလိုက်ပါနော်။
အဆင်ပြေကြပါစေ။




Photobucket




စေတနာဖြင့်

စိုးကိုဦး (နည်းပညာ)

Tuesday, July 24, 2012

Window 8 မှာပါဝင်တဲ့ Features များ

1

(၁) Boot in Less than 20 seconds

OS တစ်ခုကို Boot တက်ဖို့အတွက် ၂၀စက္ကန့်ထက်မပိုဘူးဆိုတဲ့ Window 8 မှာ ပါဝင်လာမယ့် Feature
အမှန်တကယ်ပါဝင်လာခဲ့ရင် ထင်ထားတာတက်ပိုပြီး စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ အကောင်းဆုံး
အချက်တစ်ခုပါပဲ။ Microsoft ရဲ့ OS developers တွေရဲ့ ထူးခြားတဲ့ တီထွင်ဖန်တီးနိုင်မှုအဖြစ်
“Hybrid Boot Mode” ကို Window 8မှာ အသုံးချခွင့် တကယ်ပေးလာမယ်လို့ အင်တာနက်သ
တင်းတွေ ပေါက်ကြားလာတဲ့ သတင်းတွေအရ သေချာမှုအတော်လေးရှိနေတာကို တွေ့မြင်နိုင်ပါတယ်။
ဒီ Hybrid Boot Mode ဟာ လက်ရှိသုံးနေတဲ့ ဖွင့်ထားတဲ့ Window OS စနစ်ကို စက္ကန့် ၂၀
ထက်မပိုတဲ့အချိန်အတွင်းမှာ ပိတ်နိုင်၊ ဖွင့်နိုင်မယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ယခု Window 7 မှာ
ဝါ၀င်ပြီးသားဖြစ်တဲ့ Log off နဲပ Hibernate ဆိုတဲ့ Features နှစ်မျိုးကို ပေါင်းစပ်ပြီး အသစ်
တီထွင်ဖန်တီးမှုရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ ဒီ Feature ရဲ့လုပ်ဆောင်ပုံကတော့ Shudown ခလုတ်ကို
နှပ်လိုက်တာနဲ့တစ်ပြိုင်နက် Log off အဖြစ်ဖွင့်ထားသမျှ App တွေအားလုံးကို ပိတ်လိုက်ပြီး Hibernate
ဆိုတဲ့ Feature ရဲ့လုပ်ဆောင်ချက်နဲ့ အဆုံးသတ်ပိတ်ထားလိုက်ပါတယ်။ Power ပြန်ဖွင့်ပြီး Window
ပြန်တက်တဲ့အချိန်မှာ ဒီ Hybrid Boot Mode ရဲ့လုပ်ဆောင်ချက်ကြောင့် စက္ကန့် ၂၀ထက် နောက်မကျတဲ့
Widnow 8 ရဲ့ Screen Homepage ကိုမြင်တွေ့နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို
Screen shot တွေအဖြစ် အင်တာနက်စာမျက်နှာတွေမှာ သတင်းပေါက်ကြားခဲ့တာကိုလည်း နေရာတော်တော်
များများမှာ ရေးသားချက်များကို လေ့လာနိုင်မှာဖ်ြစပါတယ်။


(၂) Two user interface

Window 8 ထွက်လာရင် မျှော်လင့်ချက်တွေများစွာနဲ့ အသစ်ပါဝင်လာမယ့် Features တွေများစွာကို
စိတ်လှုပ်ရှားစွာ စောင့်စားနေတဲ့အထဲမှာ ဒုတိယလိုက်နေတဲံ Feature အသစ်တစ်မျိုးကတော့
User Interface(UI) ကို ပုံစံနှစ်မျိုးနဲ့ မြင်တွေ့နိုင်မယ်ဆိုတဲ့ အချက်ပါပဲ။ ပုံစံတစ်မျိုးကတော့ ပုံမှန်
Window OS တွေမှာ ပါဝင်နေကြပုံစံမျိုးဖြစ်ပြီး နောက်တစ်မျိုးကတော့ Tablet အခြေခံ Device တွေ၊
Touch စနစ်အသုံးပြုနိုင်တဲ့ Device တွေအတွက် ရည်ရွယ်ထားတဲ့ Touch friendly user interface
ဖြစ်ပါတယ်။ Microsoft ရဲ့ Developer တွေ ဖန်တီးနိုင်မှုများစွာထဲမှာ Microsoft ရဲ့ တပင်တိုင်နန်းစံ
Internet Explorer Browser ကို Touch အခြေခံဗားရှင်းအဖြစ် ထုတ်လုပ်နိုင်ခဲ့မှုမှာလည်း တစ်ခု
အပါအ၀င်ဖြစ်စေခဲ့ပါတယ်။ အဲ့ဒိ IE Browser အသစ်ပုံစံမှာ Address bar တစ်ခုတည်းကိုပဲ ပြထား
မှာဖြစ်ပြီး ကျန်တဲ့ လုပ်ဆောင်ချက်တွေ၊ Tab တွေအားလုံးကို မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။
Touch friendly စနစ်အတွက် လုံခြုံမှု စိတ်ချနိုင်စေဖို့အတွက် ယခင် Window OS တွေမှာသုံးတဲ့
Password ပုံစံထက် Ardroid OS တွေမှာ သုံးနေတဲ့ Grid Pattem ပုံစံမျိုးနဲ့ ဖြစ်လာမယ်လို့
ပေါက်ကြားလာတဲ့အင်တာနက် သတင်းတွေမှာ ဆိုထားပါတယ်။ ထူးခြားပြီး ဆန်းသစ်တဲ့ အသွင်အပြင်နဲ့မို့
Window OS ချစ်သူတွေ စွဲမက်စရာ ဖြစ်စေပါလိမ့်မယ်။


(၃) Window Store

Window store ဆိုတာကတော့ Microsoft ရဲ့ Application ထုတ်ကုန်တွေအားလုံးကို
Apple store လိုမျိုး Android market လိုမျိုး ရယူအသုံးပြုနိုင်ကြောင်းကို ရည်ညွန်းခြင်းပဲဖြစ်ပါတယ်။
ဒီ Window store ကနေပြီး သင့် Browser ကနေတိုက်ရိုက်ချိတ်ကာ လိုင်စင်နဲ့ ရောင်းချတဲ့ App တွေ၊
လူသုံးအများဆုံး App စာရင်းတွေနဲ့ နမူနာအဖြစ်ပေးသုံးတဲ့ Trial version လိုမျိုးကို ဒီ Window store
ဥာ တကယ် Window 8 မှာ ပါဝင်လာမယ်ဆိုရင် သင့်အနေနဲ့ fully download ပေးတဲ့အချိန်အထိ
စောင့်ဆိုင်းနေစရာမလိုဘဲ အချိန်မရွေး App store ကနေ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာနဲ့ နမူနာတူ
လဲဆိုတော့ google ရဲ့ Chrome OS နဲ့ သွားတူမှာဖြစ်ပါတယ် ဒါကြောင့် Tablet တွေလိုမျိုး သိမ်းဆည်း
စရာနေရာကန့်သတ်ချက်ရှိတဲ့ Device တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ဘယ်
Application ကိုမှ ကွန်ပျူတာရဲ့ Disk space ပေါ်ကို Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်စေ
မှာဖြစ်ပါတယ် ဒါကတော့ Window 8 မှာ ပါဝင်လာမယ်လို့ တစ်ပြေးနေတဲ့ Top 6 feature တွေထဲက
တတိယမြောက်ရှေ့ပြေးနေတဲ့ Feature အသစ်တစ်မျိုးပဲ ဖြစ်ပါတယ်။


(၄) Automatic Maintenance

Microsoft က နောက်ထပ်ထုတ်မယ့် Window 8 မှာ New feature အနေနဲ့ပါဝင်လာမယ့် Feature
တစ်ခုကတော့ “Automatic Maintenance” ဆိုတဲ့ Feature ပဲဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်
ကတော့ သင့်ကွန်ပျူတာ က Hard disk တွေ Net optimization service တွေကို အလိုအလျှောက်
စစ်ဆေးကာ လိုအပ်တာတွေကို အလိုအလျှောက်ပြုပြင် ထိန်းသိမ်းဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ Window 7
မှာပါဝင်တဲ့ Disk Cleanup ထက် ပိုမိုအစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။
မလိုအပ်တဲ့ ဖိုင်တွေကို အလိုအလျှောက် ဖြေရှင်ေးပးနိုင်စွမ်းရှိတာကြောင့် သင့်ရဲ့ ကွန်ပျူတာကို
အမြဲတမ်းပေါ့ပါးပြီး လျှင်မြန်နေစေမှာဖြစ်ပါတယ်။ လုပ်ဆောင်အသေးစိတ်အချက်အလက်တွေကို
မသိနိုင်သေးပေမယ့် Window 7 မှာထက်ပိုပြီး အစွမ်းထက်တဲ့ Disk Cleanup Utility ဖြစ်
မယ်ဆိုတာကိုတော့ အားလုံးက မျှော်လင့်နေကြပါတယ်။


(၅) New Windows Explorer

Window 8 ထွက်တဲ့အခါမှာ Window အားလုံးမှာ မြင်တွေ့နေကျဖြစ်တဲ့ Window Explorer တွေနဲ
့မတူတာကိုတော့ ပထမဆုံးမြင်တွေခံစားရမှာသေချာပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အလွယ်တကူ
သိနိုင်သလို အသုံးပြုရမှာလည်း ပိုပြီး လွယ်ကူရှင်းလင်းနေမှာဖြစ်တယ်လို့ အင်တာနက် သတင်းတွေရဲ့
သတင်းပေါက်ကြားမှုတွေမျာ မြင်တွေ့နေရပါတယ်။ အဓိကအပြောင်းအလဲအဖြစ် မြင်တွေ့ရမှာကတော့
Explorer ရဲ့ Menu ပုံစံဖြစ်ပြီး နေ့စဉ်နဲ့အမျှ လုပ်ဆောင်ချက်တွေကို Startcuts အနေနဲ့ မှတ်
သားထားပေးမှာဖြစ်ပါတယ်။ ဒီ Menu ပုံစံကို တစ်ချို့ အင်တာနက်စာမျက်နှာတွေမှာတော့ Ribbon Menu
ဆိုပြီး ခေါ်ဝေါသုံးစွဲကြတာတွေ့နိုင်ပါတယ်။ ဒီ Ribbon Menu Style ကပဲ Window 8 ရဲ့ အသွင်ကို
တခြား Window OS ပုံစံတွေကနေ ခွဲထုတ်နိုင်စေမှာဖြစ်ပါတယ်။ အရင် Window တွေမှာ Right click
ကနေ အသုံးပြုခဲ့ရတဲ့ တချို့လုပ်ဆောင်ချက်တွေကို Window explorer ရဲ့ Ribbon menu မှာ
ထည့်သွင်းတည်ဆောက်ထားတဲ့ Screen shot တွေ၊ အင်တာနက်မှာ ပျံ့နှံနေတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။
ဒီလုပ်ဆောင်ချက်တွေကို ပုံမှန်ကလစ် နှစ်ချက်၊ သုံးချက်နဲ့ အလုပ်လုပ်ခဲ့ရတဲ့ ကြာချိန်တွေ ကလစ်တစ်
ချက်နှိပ်ရုံနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။


(၆) Window Time Machine

Microsoft ရဲ့ Window 8 မှာ ပါဝင်လာမယ်လို့ နာမည်ကြီးနေတဲ့ Feature အသစ်တစ်မျိုးကတော့
Window Time Machine ပဲဖြစ်ပါတယ်။ ဒီ Feature ဟာ သင်မှားဖျက်မိလိုက်တဲ့ ဖိုင်တွေ၊ Data
တွေကို Backup အနေနဲ့ ပြန်လည်ရယူနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်အတွက်
Window OS သမိုင်းတစ်လျှောက်မှာ Third Party tool တွေကိုပဲ သုံးစွဲခဲ့ကြရပါတယ်။ အခုတော့
Window 8 ကနေစပြီး Third Part Tool တွေကို သုံးစရာမလိုတော့ပါဘူး။ ဒီ Feature ဟာ
Window မှာပါနေကျဖြစ်တဲ့ Restore option နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်
လုပ်ဆောင်ချက်ကတော့ မတူညီပါဘူး။ Window Time Machine ရဲ့ လုပ်ဆောင်ချက်ဟာ Apple
ရဲ့ နောက်ဆုံးထုတ်ဗားရှင်းဖြစ်တဲ့ Mas OS X Lion ရဲ့ Apple Time Machine နဲ့ ခပ်ဆင်ဆင်တူ
တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီ Feature ကို တခြားအင်တာနက် စာမျက်နှာတစ်ချို့မှာတော့ History Vault
ဆိုပြီး ခေါ်ဆိုမှုတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်မိတဲ့ ပျက်သွားတဲ့
ဖိုင်တွေ အရေးတကြီး Data တွေကို ပြန်လညရယူနိုင်တော့မှာ ဖြစ်ပါတယ်။


Ref: Myanmar Internet Journal

Monday, July 23, 2012

LINKIN PARK (HITS)

1

လူအယောက် ၁၀၀ မှာ ၈၀ လောက်ကမကြိုက်ကြတဲ့သီချင်းလေးတွေပေါ့ဗျာ။
ကဲ....စိတ်ညစ်နေသူများ မကျေနပ်သူများပေါက်ကွဲချင်သူများဒေါင်းလုပ်ချပီးတော့
နားထောင်နိုင်ပါတယ်။အောက်ကပုံလေးကိုကလစ်ပီးတော့ယူလိုက်နော်။




Photobucket




စေတနာဖြင့်

စိုးကိုဦး (နည်းပညာ)

Android ဟုတ်မဟုတ်........

၂

ကဲ......မ၀ိုးဝိုးရေ...
ကြည့်နည်းလေးကတော့လွယ်ပါတယ်..အလွယ်ခွဲရရင်တော့ ကျနော်တို့ မှာ အသုံးများတာက
Java ဖုန်းရယ်..Android ဖုန်းရယ်ပေါ့နော်..Android ကတော့ Java ထက်လုပ်ဆောင်ချက် phone Setting ဆိုတာလေးပါ
ကောင်းပါပါလိမ့်မယ်။အဲထဲမှာ
About ဆိုတာလေးထဲကိုဝင်လိုက်ပါ...တကယ်လို့  Android ဖုန်းဆိုလို့ ရှိရင် ဥပမာ..Android Version 2.1 ပေါ့...ဘယ်လောက်လောက်ပေါ့..အပေါ်ကပြထားတဲ့
ပုံလေးအတိုင်းပေါ့..ပြပေးပါလိမ့်မယ်...တကယ်လို့ ဝိုးဝိုး ရဲ့  ဖုန်းက Android မဟုတ်ဘူးဆိုရင်တော့
မပါဘူးပေါ့ဗျာ။ကဲ....အဆင်ပြေမယ်လို့ ထင်ပါတယ်. အဆင်မပြေလို့ ရှိရင် C.Box သို့ မဟုတ်
ကွန်မန်းလေးရေးခဲ့နိုင်ပါတယ်နော်။


စေတနာဖြင့်

စိုးကိုဦး (MCC Dawei)

Thursday, July 19, 2012

CDMA800MHZ ဖုန်းတွင်အင်တာနက်ချိတ်နည်း

1

1

2

1

2

ကဲ....မမေလေးရေ....ကျနော် တင်ပေးလိုက်ပီနော်.....ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်။
ပုံတွေကြည့်ရတာမရှင်းလို့ ရှိရင် ပုံတွေပေါ်မှာတချက်ကလစ်ပီးထောက်ပီးတော့ကြည့်ပါ။
သူ့ မှာကတော့800 ရော ရိုးရိုးချိတ်တာရောပြပေးထားပါတယ်..ကျနော်လည်း800 ဖုန်းတွေ
ကိုမလုပ်ဖူးတာနဲ့ ရုတ်တရက်ပြန်မဖြေနိုင်ဘူးဗျ..ကျနော့် မိတ်ဆွေကိုအောင်သော်ဦးကိုအကူညီ
တောင်းပီးတော့ယူထားရတာပါဒီပုံတွေကသူဘဲရှာပီးတော့ပို့ ပေးလိုက်တာတွေပါ။အဆင်မပြေတာ
ရှိရင်လည်းC-Box လေးမှာဘဲပြောခဲ့နော်..အဆင်ပြေပါစေ....


စေတနာဖြင့်

စိုးကိုဦး (MCC Dawei)

Wednesday, July 18, 2012

CDMA 800MHZအတွက်အင်တာနက်ချိတ်နည်း

1

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား
အလေးပြုပါတယ်...။ နှစ်စဉ်နှစ်တိုင်း အကြိမ်ကြိမ် နားထောင်ဖြစ်ပြီး အကြိမ်ကြိမ် မျက်ရည်
ဝဲခဲ့ရတဲ့ ဒေါ်မေလှမြိုင်ရဲ့ " အလေးပြုပါတယ်" ဂုဏ်ပြုတေးသီချင်းနဲ့ အတူ ကျွန်တော်တို့
အားလုံးရဲ့ ရင်ထဲမှာ အမိမြန်မာပြည် အတွက်ဆိုတဲ့ ခံစားချက်လေးတွေ ရင်ထဲမှာ ကိုယ်စီ
ကျန်ရစ် ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်...။ အာဇာနည် ခေါင်းဆောင်ကြီးများအား
လည်း အစဉ်အမြဲ အလေးပြုအပ်ပါတယ်..။ အာဇာနည် ခေါင်းဆောင်ကြီးတွေ မျှော်မှန်းတဲ့
မြန်မာပြည်ဖြစ်လာစေဖို့ ဆက်လက် ကြိုးပမ်းကြပါစို့...


တစ်နေ့ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ဗိုလ်ချိုရပ်ကွက်မှာ
ရှိတဲ့မြို့နယ်သားဖွားဆေးရုံ (ယခင်ဒေါ်ခင်ကြည်ဆေးရုံ)ကို ဇနီးဖြစ်သူ၏ သူငယ်ချင်းသားဖွား
သဖြင့် သတင်းမေးရန်မိသားစုနှင့်အတူ ရောက်ခဲ့သည်။


ဆေးရုံမှာ ယခင်ပုံစံနှင့် မတူလွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံတော်မှပြန်လည်ပြုပြင်ထားပြီး
သပ်သပ်ရပ်ရပ်ဖြစ်လျက်ရှိ သည်ကို တွေ့ရသည်။ဇနီးဖြစ်သူဆေးရုံထဲ သတင်းမေးစဉ်အပြင်မှာ
ကျန်ခဲ့သော သားဖြစ်သူကဆေးရုံအမည်ကို အဘယ်ကြောင့် ဒေါ်ခင်ကြည်ဆေးရုံလို့ခေါ်တဲ့
အကြောင်းဒေါ်ခင်ကြည်ဘယ်သူလဲဟု မေးလာခဲ့သည်။ ထိုအခါ ကျွန်တော်က သားဖြစ်သူ
အားဒေါ်ခင်ကြည်ဆိုတာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးမဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့လို့
ဒေါ်ခင်ကြည်ဆေးရုံလို့ ယခင်ကတည်းက ခေါ်တဲ့အကြောင်းရှင်းလင်းပြောကြားခဲ့ရသည်။


ယနေ့ထုတ်ဝေနေတဲ့ သတင်းဂျာနယ်အတော်များများတွင် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများ၊သတင်းများကို
မြင်တွေ့နေရသော်လည်း ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည်နှင့်ပတ်သက် ၍ဖေါ်ပြချက်များ
အလွန်နည်းပါးကြောင်း တွေ့ရှိရပါသည်။သို့ပါ၍ ကျွန်တော့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည့်ဖက်ဒေါ်ခင်ကြည်နှင့်ပတ်သက်၍ လေ့လာသိရှိသမျှကို ရေးသား တင်ပြသွားပါမည်။
ကျွန်တော်သည် အမေဒေါ်ခင်ကြည် မကွယ်လွန်မီ တစ်နှစ်ကျော်လောက်က ဆရာသမား
တစ်ဦးနှင့် အတူနေအိမ် တွင်သွားရောက်တွေ့ဆုံဂါရ၀ပြုဖူးပါသည်။ကျွန်တော့်ဘ၀တွင်အပျော်
ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။အမေဒေါ်ခင်ကြည်သည် ခင်မင်စရာကောင်းပြီး ကြည်လင်သော မျက်နှာနှင့်မြင့်မြတ်သော နှလုံးသားပိုင်ရှင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။


အမေဒေါ်ခင်ကြည်နှင့် ပတ်သက်၍တင်ပြရလျှင် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်အားခရစ်နှစ်
၁၉၁၂-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ မိဘများ၊မိဘများဖြစ်ကြသောဦးဖိုးညှင်း-ဒေါ်ဖွားစုတို့က
ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင်မွေးဖွားခဲ့ပါသည်။၂၀၁၂ ဧပြီလ(၁၆)ရက်နေ့တွင်နှစ်(၁၀၀)
တိုင်ခဲ့ပြီ ဗုဒ္ဓဘာသာဖြစ်သည်။ဗမာလူမျိုးဖြစ်သည်။ မွေးချင်း(၁၀)ယောက်တွင် အဋ္ဌမ
ကြိမ်မြောက်ဖြစ်ပြီးရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ် ABM High School
(ယခု အ.ထ.က (၁)ကြည့်မြင်တိုင်)မိန်းခလေးကျောင်းတွင် စတင်ပညာ
သင်ကြားခဲ့ပြီးနောက်မော်လမြိုင်မြို့မော်တင်လိန်းဆရာအတက်သင်ကျောင်းသို့
တက်ရောက်ခဲ့သည်။


မြောင်းမြမြို့ အမျိုးသားကျောင်း၌ ဆရာမအဖြစ် နှစ်အနည်းငယ်ကြာအမှုထမ်းခဲ့ပြီး။
မိမိ၏ ဗီဇနှင့်ပါရမီကိုက်ညီသော သူနာပြု ဆရာမအလုပ်ကိုလုပ်ကိုင်နိုင်ရန်
ရန်ကုန်ဆေးရုံကြီးနှင့်ဒပ်ဖရင်ဆေးရုံတို့တွင် သူနာပြုသင်တန်းများ တက်ရောက်ခဲ့သည်။
သူနာပြုဆရာမသင်တန်းဆင်းပြီး ရှေးဦးစွာရန်ကုန်ပြည်သူ့ဆေးရုံကြီး၌သူနာပြုဆရာမအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်ကဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရာ ကလကတ္တားသို့
လူနာအချို့အား ပြောင်းရွှေ့ပေးသောအဖွဲ့၌ စေတနာဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်မီးမကူးခင်အန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါလာခဲ့သည်။
၁၉၄၂ ခုနှစ်တွင် စစ်ကြီးအတွင်း မြန်မာနိုင်ငံ၌ ပထမဆုံးဆေးရုံကိုဖွင့်လှစ်ခဲ့သော
အဖွဲ့ဝင်တစ်ဦးအဖြစ် ရှေ့တန်းမှပါဝင်သည်။ ယင်းကာလမှာပင်သူနာပြုချုပ်အဖြစ်တာ
ဝန်ထမ်းဆောင်နေစဉ်ဆေးရုံ၌ လူနာအဖြစ်ဆေးလာကုသောဗိုလ်ချုပ်အောင်ဆန်းနှင့်
တွေ့ဆုံမေတ္တာမျှခဲ့ပြီး ၁၉၄၂ ခုနှစ်စက်တင်ဘာ(၁၆) ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့သည်။


ထိမ်းမြားလက်ထပ်ပြီးနောက်ပိုင်းတွင်လည်းခင်ပွန်းဖြစ်သူဗိုလ်ချုပ်အောင်ဆန်းအတွက် တာဝန်
အကျေဆုံးပါရမီဖြည့်ဖက်ဖြစ်ခဲ့သည်။ အိမ်ထောင်သက် ငါးနှစ်အတွင်းသားနှစ်ယောက်
သမီးတစ်ယောက်အပြင် သမီးကလေးတစ်ယောက် ထပ်မံထွန်းကားခဲ့သေးသည်။
ငါးရက်မျှရသေးချိန်တွင် ကွယ်လွန်သွားခဲ့သည်။ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက်တွင်လည်း
နိုင်ငံတော်အတွက် တာဝန်များထမ်းဆောင်ခဲ့ရာ ၁၉၄၇- မှ၁၉၅၂ ခုနှစ်အထိလွှတ်တော်
အမတ်ဖြစ်ခဲ့သည်။၎င်းနောက် ၁၉၅၀ ခုနှစ်များတွင်လည်း မြန်မာအမျိုးသမီးများအသင်းဥက္ကဋ္ဌနှင့်
အခြားသော လူမှုအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့ကြောင်းလေ့လာသိရှိရသည်။
၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီး နီပေါနိုင်ငံသံ
အမတ်ကြီးအဖြစ်လည်းကောင်းပူးတွဲ တာဝန်ပေးအပ်ခြင်းခံရသည်။


ထို့အပြင် ဒေါ်ခင်ကြည်သည် လူမှုရေးလုပ်ငန်းများ၌ထူးသောပါရမီရှင်တစ်ဦးဖြစ်ခဲ့ရာ ၁၉၄၇
ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိမိခင်နှင့်ကလေးများစောင့်ရှောက်ရေးဘုတ်အဖွဲ့ညွှန်ကြားရေးဝန်အဖြစ်
လည်းကောင်း၊ နိုင်ငံတော်အစိုးရ လူမှုစီမံကိန်းကော်မရှင်က ၁၉၅၈ ခုနှစ်အထိ သဘာပတိ၊
သူနာပြုနှင့် ၀မ်းဆွဲဆရာမအသင်းနာယကအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။


ပြည်ထောင်စု လူမှုဝန်ထမ်းကောင်စီတွင် ၁၉၅၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌ၊ကိုယ်ဝန်ဆောင်နှင့်
ကလေးစောင့်ရှောက်ရေး အမျိုးသားကောင်စီ တွင် ၁၉၅၄ မှစ၍ဥက္ကဋ္ဌ၊ ကလေးသူငယ်များ
စောင့်ရှောက်ရေး ကောင်စီတွင်ဥက္ကဋ္ဌ၊စာရိတ္တမြှင့်တင်ရေး၊ ကျန်းမာရေးအဖွဲ့တွင် ဥက္ကဋ္ဌ၊
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးများအသင်းတွင် ၁၉၅၃ ခုနှစ်မှစ၍ ဒုတိယဥက္ကဋ္ဌ၊
မိခင်နှင့် ကလေးများ စောင့်ရှောက်ရေး အသင်းများတွင် ဥက္ကဋ္ဌ၊ အမျိုးသားသတင်းထောက်
အဖွဲ့တွင်မင်းကြီးချုပ် အငယ်တန်းကြက်ခြေနီသူနာပြု အသင်းတွင်ညွှန်ကြား ကြားရေးဝန်၊
မြန်မာနိုင်ငံသူနာပြုတပ်တွင် ၁၉၅၂မှစ၍အမျိုးသမီးအုပ်ချုပ်ရေးမှူး စသည့်တာဝန်များ
ထမ်ဆောင်ခဲ့သည့်ပြင် ၁၉၅၃ခုနှစ်၊ ဇန်န၀ါရီ(၂၅)နေ့တွင် ကျင်းပသော လူမူဝန်ထမ်း
ညီလာခံတွင်ဧည့်ခံကော်မတီဥက္ကဋ္ဌအနေဖြင့် မိန့်ခွန်းပြောကြား ခဲ့ရာတွင်` စစ်ပြီးကမ္ဘာအရပ်
ရပ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းပြည် အသီးသီး၌လုပ်ဆောင်ရာမှာ
စီးပွားရေးနှင့် လူမှုရေးရာများကို တစ်ချိန်တည်းစတင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။


စစ်ပြီး ပြည်တွင်းစီးပွားရေး ပျက်ပြားမှုကြောင့် လူမှုရေးပြဿနာအမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ
ဤလူမှုရေးပြဿနာ အမျိုးမျိုးတို့ကို ယင်းညီလာခံသို့တက်ရောက်လာသူများနှင့်
ဧည့်သည်တော်များပါ ၀ိုင်းဝန်း၍ဖြေရှင်းရန်တာဝန်ရှိလာပါကြောင်း တချို့သောပြဿ နာ
များကိုကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် တိုင်းပြည်လူထုသို့ အန္တရာယ်မဖြစ်စေရန်ဆောင်ရွက်ရာ
မှာနိုင်ငံတော် အစိုးရကိုသာ လုံးဝအားကိုးရာ မဖြစ်နိုင်ပါ။တိုင်းပြည်လူထုကပါ
ဝိုင်းဝန်းကူညီရပါမည်ဟုထည့်သွင်းပြောကြားခဲ့ကြောင်းလေ့လာသိရှိရ ပါသည်။


ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် ဒေါ်ခင်ကြည်သည်သူ့မိသားစုနှင့်အတူခြိုးခြိုးခြံခြံနေထိုင်ပြီး
တက္ကသိုလ်ရိပ်သာ လမ်း ရှိခြံအတွင်း၌ သီးပင်စားပင်၊ ပန်းအလှပင်များကို ဈေးဖိုးကာမီအောင်
စိုက်ပျိုး၍ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးစဉ်က အာဇာနည်ကြီးများရဲ့ ဇနီးကိုထောက်
ပံ့ခဲ့သည်။ပင်စင်လစာနှင့် ၎င်း၏ သံအမတ်ကြီးပင်စင်လစာ၊ နိုင်ငံဂုဏ်ရည်ပင်စင်နှင့်အစိုးရလုပ်သက်
ပင်စာလစာများနှင့် လုံလောက်စွာ နေထိုင်စားသောက်ခဲ့ပြီးနိုင်ငံတော်မှ မဟာသီရိသုဓမ္မဘွဲ့
ချီမြှင့်ခြင်းခံရကာ ၁၉၈၈ ခုနှစ်ဒီဇင်ဘာ(၂၇)နေ့တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ရာတွင်အသက်
(၇၆)နှစ်ဖြစ်ကြောင်း ရေးသားတင်ဆက် အပ်ပေသည်။


လေးစားလျှက်

စိုးကိုဦး(နည်းပညာ)