Sunday, May 27, 2012

i-Explorer for Apple Product

1

Phone, iPod, iPad များအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလေးများ…ဖေ့ဘုတ်က ကူးယူဖော်ပြခြင်းပါ..
Myanmar Times — ယနေ့အသုံးများလာတဲ့ iPhone, iPod နဲ့ iPad တွေမှာ ဗီဒီယို၊ သီချင်းနဲ့
ဓာတ်ပုံတွေ ထည့်သွင်းဖို့အတွက် iTune ကို အသုံးပြုရ ပါတယ်။ iTunes ကို မသုံးတတ်ရင်
မလိုလားအပ်တဲ့ အမှားအယွင်းဖြစ်တတ်တာကြောင့် iPhone, iPad အသုံးပြုသူတွေ အခက်ကြုံ
ရပါတယ်။ ဒါကြောင့် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလေးတွေကို ဒီတစ်ပတ် အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။

(၁) iExplorer
iExplorer ဆောဖ့်ဝဲကို iPhone Explorer လို့ အသိများပါတယ်။ ဒီဆော့ဖ်ဝဲက iPhone, iPod
နဲ့ iPad တွေကို USB ကြိုးနဲ့ ကွန်ပျူတာမှာ တပ်ဆင်ပြီး File Explorer လို အသုံးပြုနိုင်ပါတယ်။
ကွန်ပျူတာထဲကဖိုင်တွေကို iPhone, iPad ထဲ ထည့်ဖို့ပဲဖြစ်ဖြစ်၊ iPhone ထဲကဖိုင်တွေကို ကွန်ပျူတာထဲ
Backup လုပ်ဖို့ပဲ ဖြစ်ဖြစ် Drag & Drop လုပ်ပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။


iExplorer အသုံးပြုဖို့အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေက iTunes Version 10 နဲ့
Net Framework 4 တို့ လိုအပ်ပါတယ်။
Mac နဲ့ Windows OS အတွက် နှစ်မျိုးရှိပါတယ်။

(၂) Phone to PC
Phone to PC ဆော့ဖ်ဝဲက iPhone, iPod, iPad ထဲက ဗီဒီယိုတွေ၊ သီချင်းတွေ၊ ဓာတ်ပုံတွေကို
ကွန်ပျူတာထဲ ဒါမှမဟုတ် iTunes ထဲကို အလွယ်တကူ ပြောင်းယူနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။
ကိုယ့်ရဲ့ iPhone ထဲက ဓာတ်ပုံတွေကို ကွန်ပျူတာထဲ ပြောင်းထည့်ချင်ရင် ဒီဆော့ဖ်ဝဲက အလွယ်ကူဆုံးဖြစ်ပါတယ်။
ကျနော် MAC Version ရော ...PC Version ရောထည့်ပေးထားတယ်နော်သူ့ ကိုဝင်းကမ္ဘာကျော်ဘလော့ကနေ
ပြန်လည်ကူးယူတင်ပြထားတာပါ။



Minus ကနေဆွဲမယ်ဆိုရင်ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။

Mediafireကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။

Zidduကနေလိုချင်ရင်တော့ဒီနေရာလေးမှာကလစ်ပီးယူလိုက်ပါ။


စေတနာဖြင့်

စိုးကိုဦး (MCC Dawei)

No comments:

Post a Comment